Quantcast
Channel: The Gardener
Viewing all articles
Browse latest Browse all 146

အရောရော အနှောနှော

$
0
0
 ညဘက်ရောက်သွားရင် ဒီနေရာလေးဟာ ကြည်နူးစရာ။ အမှောင်ထဲမှာ Led တွေတောက်ပနေတာလှတယ်။ သီချင်းသံလည်းမဆိုးဘူး။ မွန်းကြပ်တဲ့ လူ့အသိုင်းအဝိုင်းထဲမှာ စိတ်အပန်းဖြေဖို့ အချိန်ရှိတာကောင်းတယ်။
အဲဒီနားက ကွပ်ပြစ်မှာ လဲအိပ်ပြီး အပေါ်ကိုမော့ကြည့်ရင် အဲဒီလိုမြင်ရတယ်။

ပင်ဂွင်းတွေဟာ တော်တော်လှတဲ့အကောင်တွေ။ချစ်စရာကောင်းတယ်။ မယုံရင် Happy Feet ကြည့်။

မောင်မယ်အတူ တောင်ဘက်မုခ်မှာ လှေကားထစ်တွေ တက်ရင်းနဲ့အတူ ရေတွက်ကြမယ်နော်။

ငါကူးသည်။ ငါဇိမ်ကျသည်။ ထို့ကြောင့် ငါဖြစ်သည်။

ငါ့အဘိုးက ဒိုင်နိုဆောဆိုတော့ရော Who cares. 

ဒီရှားပါးကောင်ကြီးကို ငှက်ဥယျာဉ်ရောက်တိုင်း အကြာကြီးရပ်ကြည့်နေမိတုန်းပဲ။

 အမြင့်ဆုံးပျံတဲ့ငှက်တွေက အကြာဆုံး နားနေကြရတာ ကြေကွဲစရာ ဇာတ်လမ်းပဲ။

 အကြီးဆုံး သိမ်းငှက်။ သူက လင်းတတွေရဲ့ အမျိုးတွေပဲ။ ငှက်ဥယျာဉ်ထက် အာဖရိက ကွင်းပြင်တွေရဲ့ ကောင်းကင်မှာ ပိုပျော်မှာပဲ။
 အသက်ရလာတော့ အားလုံးကို လစ်လျူရှုတတ်လာပြီ။

 မမြင်ပေမယ့် စမ်းနိုင်တယ်။ (ဖောင်းကြွသိမ်းငှက်)
တို့နှစ်ယောက်ဟာ လူအုပ်ကြီး (အော်စကာဝိုင်းလ်ဒ်) တို့နှစ်ကောင်ဟာ ကြိုးကြာအုပ်ကြီး (ဖလာမင်ဂိုဝိုင်းလ်ဒ်)

တစ်ချို့လည်း ခေါင်းမဖီးရသေးဘူး။ တစ်ချို့လည်း ရေမချိုးရသေးဘူး။

 လူတွေပျော်ရွှင်ဖို့အတွက် ငှက်တွေကို လှောင်ထားလိုက်ရတယ်။

 လောကကြီး အန်တရာယ်ကင်းသေးတယ်ဆိုတဲ့ ခံစားချက်ပေးချင်တာနဲ့ပဲ အသားကုန်ပွင့်ပစ်လိုက်သတဲ့။

 ရွက်လှတွေ။ အရွက်တွေလှတော့လည်း ပန်းမပွင့်လို့တဲ့။
 ပွင့်သောပန်းတိုင်းတော့ မမွှေးဘူး။ လှသောပန်းတိုင်း ပွင့်ပါစေ။
မျိုးမည်မသိအပင်ကြီး။

သစ်ပင်ကို မခွတော့တဲ့ သစ်ခွပန်းများ။

သဇင်ပန်းကို သနားတာပေါ့။ ငပေါ ဦးတိုး ရာမရကန်။

 လှပခြင်းမှာ ခမ်းနားနေတုန်းပဲ။
အဝါရောင် ဂါဝန်မပြီးကနေတုန်း အမျိုးသမီးလေးများ။
 သဘာဝပန်းချီဆရာ၏ စုတ်တံခါချိန်။
 စွံ့ကားခြင်း။
 စိုလက်ခြင်း။
 ရိုးစင်းခြင်း။
 တာဘိုဖြစ်ချင်တဲ့ ခရု။
 ဦးမျှင်ဟာ -င်ကနေထွက်လာ။ ခေါင်းကို -င်ထဲမှာသိမ်းထားပုံက ဝန်ကြီး အုန်းမြင့်ပမာ။
 ရိုးရိုးအေးအေးနဲ့ တည်တည်တံ့တံ့နေတာပဲကောင်းတယ်။ မြက်တွေနဲ့ အရောမဝင်ဘူး။
 သူအို၊သူနာ၊သူသေ၊ရဟန်းမြင်ကာစ
 မွေးမွေးချင်းလမ်းလျှောက်စဉ်။
 မမွေးမီအိမ်မက်တွေ။ ဒီပုံတွေက Inonesia က Batam ကဘုံကျောင်းမှာရိုက်လာတာ။ Muslim နိုင်ငံပေမယ့် ဗုဒ်ဓဘာသာရှိပါတယ်။ ၉၆၉ ဘုန်းကြီးတွေဟောသလောက်တော့ မဆိုးလှသေးဘူး။
ကွမ်အင်းထင်တယ်။

 ဘုရားရုပ်ပွားတော် သုံးဆူတွေ့တယ်။ စင်္ကြာတံဆိပ်တွေနဲ့။




ပရိတ်နိဗ်ဗာန်ပြုခါနီး၊ ကုသိနာရုံ


ဒီပုံကတော့ အိန်ဒိယနဲ့တရုတ်ချစ်ကြည်ရေးထင်ပါရဲ့။ တရုတ်တွေက ဂေါတမဘုရားကိုလည်း တရုတ်ထင်တာဖြစ်လိမ့်မယ်။ လိပ်ဘိုးဘိုးတို့ ကွမ်အင်းတို့ပါတယ်။

 တရားဟောနေတယ်ထင်ပါရဲ့။

 တရုတ်တွေရဲ့ မြင့်မြတ်ရာကျင့်စဉ်တော်လမ်းဟာ လူပျော်ဖြစ်ဖို့ပဲ။
 ချစ်စရာတော့ကောင်းတယ်။
 ပေါင်ချိန်။
 ဖိုးသူတော်။
 ဖိုးသူတော်ကြီး။
 ဘုံကျောင်း။
 မိုက်ခဲသူတော်။
 ရွှေပုစွန် ပင်လယ်စာ စားသောက်ဆိုင်။
 ကြက်မိသားစု။
 ဆရာများတော့သားသေ။ လက်များတော့ ဆံပင်ကျစ်ရလွယ်။
 နတ်သမီးများ ရေချိုးနေစဉ်။ hidden camera မိသွားတာ။
 နတ်သမီးများကို ဖမ်းဆီးပြီး နတ်ကုန်ကူးရန်ကြံသူ မုဆိုး။
 ရေညစ်နဲ့လိပ်။ မင်းဆိုးနဲ့ သူခိုး။


 လာဘ်ခေါ်ဖား


ရောတိရောရာ နိတ်ထိတံ။

မှတ်ချက်။   ။ဓာတ်ပုံဆရာအား ကျေးဇူးအထူးတင်ရှိ။

Viewing all articles
Browse latest Browse all 146

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...