Quantcast
Channel: The Gardener
Viewing all articles
Browse latest Browse all 146

လွတ်လပ်ခြင်းတရားသုံးပါး။ (OSHO)

$
0
0
လွတ်လပ်ခြင်းတရားသုံးပါး။

လွတ်လပ်ခြင်းသုံးမျိုးရှိတယ်။ ပထမတစ်ခုက တစ်ခုခုဆီကနေ လွတ်လပ်ချင်တာ။ (Freedom From)။ အဲဒါက အပြုသဘောမဆောင်တဲ့ လွတ်လပ်ခြင်းပဲ။ ဥပမာ အဖေ့(အဆုံးအမ)ဆီကလွတ်ချင်တာ။ အမေ့(သွန်သင်မှုတွေ)ဆီက လွတ်ချင်တာ။ ကျောင်းတော်/ဘုရားကျောင်း (ရဲ့ထိန်းကျောင်းမှု)ဆီကလွတ်ချင်တာ၊ လှူု့အသိုင်းအဝန်း(ရှဲု့ စည်းမျဉ်းကလနားတွေ)ဆီကလွတ်ချင်တာမျိုးတွေပေါ့။ ဒါတွေဟာ အပြုသဘောမဆောင်တဲ့ လွတ်လပ်ခြင်းတွေဖြစ်တယ်။ အစပိုင်းမှာတော့ ကောင်းသလိုရှိတယ်။ ဒါပေမယ့် ဒီလွတ်လပ်ခြင်းမျိုးဟာ ရည်းမှန်းချက်ပန်းတိုင်တော့ မဟုတ်သေးဘူး။ မိဘဆီကနေ လွတ်လပ်မှုရပြီဆိုပါတော့ မင်းဘာလုပ်မလဲ။ အသိုင်းအဝိုင်းဆီက လွတ်မြောက်ပြီဆိုပါတော့ မင်းလမ်းပျောက်သလိုဖြစ်သွားမယ်။ အရေးပါ၊အရာရောက်မှုတွေ၊ အဓိပ္ပါယ်တွေအားလုံးကို ဆုံးရှုံးသွားလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မင်းတစ်ဘဝလုံးဟာ တစ်ခုခုကို ဆန့်ကျင်ဖို့ ငြင်းဆန်နေရတာနဲ့ကုန်သွားလို့ပဲ။ (အားလုံးကိုဆန့်ကျင်ပြီးတဲ့အခါ) ဘာကို ငြင်းဆန်နေဦးမှာလဲ။

 လူငယ်တစ်ယောက် ကျုပ်ဆီလာခဲ့ဖူးတယ်။ သူ ကလေးမလေးတစ်ယောက်ကို လက်ထပ်ချင်လို့တဲ့။ သူက ဗြဟ္မဏ။ မျိုးရိုးသိပ်မြတ်တဲ့ အမျိုးဇာတ်ကလာတဲ့သူ။ တစ်မြို့လုံးလေးစားရတဲ့ ဂုဏ်သရေရှိတဲ့သူ။ သူက ပါရှန်းမလေးနဲ့လက်ထပ်ချင်တယ်။ မိဘတွေက ခါးခါးသီးသီးကို သဘောမတူဘူး။ မင်းလက်ထပ်ရဲ လက်ထပ်ကြည့်၊ သေခန်းပြတ်ပဲလို့တောင်ပြောကြတယ်။ သူကလည်း တစ်ဦးတည်းသောသား။ မိဘတွေက ဆန့်ကျင်လွန်း၊တားမြစ်လွန်းလေလေ ဒီလူငယ်လေးကလည်း ဒီပါရှန်းမလေးကို လက်ထပ်ဖို့ဆုံးဖြတ်ချက်ခိုင်မာလေလေ ဖြစ်လာတယ်။

အဲဒါ သူက ကျုပ်ဆီလာပြီးအကြံတောင်းဖို့လာတယ်။ ကျုပ်ကလည်းပြောတယ်။ မင်း တကယ်ကောင်မလေးကို စိတ်ဝင်စားတာလား၊ ဒါမှမဟုတ် မိဘကို ဆန့်ကျင်ချင်ရုံသက်သက်လားဆိုတာ သေချာသိရအောင် သုံးရက်လောက် ဘာဝနာပွားသလို သေချာစဉ်းစမ်းပါကွာ။ ဘာလို့ ကျွန်တော့်ကို ဒီလိုပြောတာလဲ။ ဒီမိန်းကလေးကို ကျွန်တော်တကယ်ချစ်တာပေါ့။ ကျွန်တော်လုံးဝချစ်တယ်လို့ သူက ပြန်ဖြေတယ်။ ဒါဆိုရင်လည်း လက်ထပ်လိုက်ပေါ့ကွာ။ ဒါပေမယ့် ငါမင်းမျက်လုံးထဲမှာ ချစ်ခြင်းအရိပ်အရောင်မတွေ့ဘူးကွ။ မင်းနှလုံးသားမှာလည်း အချစ်ကိုမတွေ့ဘူး။ ချစ်ခြင်းရနံ့လည်းမရှိဘူးကွ။ မင်းဆီမှာ ငါမြင်တာကတော့ ဆန့်ကျင်ချင်တဲ့ ကိုယ်ရောင်ကိုယ်ဝါ အငွေ့အသက်မျိုးပဲ။ မျက်နှာဝန်းကျင်မှာ အနက်ရောင် အငွေ့အသက်တွေ ရစ်ဆိုင်းနေတယ်။ ဒါက မင်း မင်းမိဘကို ဆန့်ကျင်ဖို့ ဆုံးဖြတ်ပြတ်သားလိုက်ပြီဆိုတဲ့ အဓိပ္ပာယ်ပဲကွ။ ကောင်မလေးကတော့ မင်းရဲ့ ဆင်ခြေသက်သက်ပဲ။

 ဒီလိုပြောတော့ သူနားမထောင်ဘူးဗျ။ မိဘကိုဆန့်ကျင်ဖို့ ဆုံးဖြတ်ပြီးပါပြီဆိုမှ ကျုပ်ပြောတာလောက်ကို ဘယ်လက်ခံပါ့မလဲလေ။ သူလက်ထပ်ခဲ့တယ်။ ခြောက်လကြာတော့ သူတစ်ခါပြန်လာပြီး လာတွေ့တယ်။ ရှိုက်ကြီးတစ်ငင်ငိုကြွေးရင်းပေါ့။ ကျုပ်ခြေရင်းမှာ လှဲချပြီး ဆရာပြောတာမှန်တယ်။ ကျွန်တော် ဒီအမျိုးသမီးကိုမချစ်ဘူး။ အဲဒီအချစ်ဟာ အတုအယောင်ပဲ။ ဆရာပြောတာမှန်တယ်။ ဆရာ့ရဲ့ စီစစ်ချက်မှန်တယ်။ အခု ကျွန်တော်လက်ထပ်ပြီးပြီ။ မိဘရဲ့ အမိန့်တွေကိုလည်း ဖီဆန်ငြင်းပယ်ခဲ့ပြီ။ ချစ်ခြင်းတွေအားလုံး ပျောက်ကွယ်သွားခဲ့ပြီလို့ပြောတယ်။ ဒါက "Freedom From" (တစ်ခုခုဆီက လွတ်မြောက်ချင်တဲ့ လွတ်လပ်ခြင်းမျိုး)ပဲ။ တကယ့် လွတ်လပ်မှုလို့တောင်မဆိုနိုင်ဘူး။ လုံးဝမလွတ်လပ်တာထက်စာရင်တော့ နည်းနည်းကောင်းတယ်။

 ဒုတိယတစ်ခုက "Freedom For" (တစ်စုံတစ်ခုရရှိဖို့ လွတ်လပ်ချင်တာ။) ဒါကတော့ အပြုသဘောဆန်တယ်။ မင်းစိတ်ဝင်စားတဲ့အရာက တစ်ခုခုကို ငြင်းဆန်တာမဟုတ်တော့ဘူး။ အသစ်တစ်ခုခုကို ဖန်တီးချင်တာမျိုး။ ဥပမာ ကဗျာဆရာဖြစ်ချင်တယ်။ အဲဒါကို သဘောမတူတဲ့ မိဘကို ငြင်းရတာမျိုး။ မင်းက အခြေခံအားဖြင့် စိတ်ညွတ်တာက ကဗျာဆရာဖြစ်ချင်တာ။ မိဘက ပိုက်ပြင်သမားဖြစ်စေချင်တာမျိုး။ ပိုက်ပြင်သမားလုပ်တာပိုကောင်းမယ်။ ပိုက်ဆံလည်းပိုရမယ်။ ဈေးတွက်တွက်ရင်လည်းပိုကိုက်တယ်။ လူလေးစားလည်းပိုခံရမယ်။ ကဗျာဆရာ။ လူတွေက မင်းကို ရူးနေတယ်ထင်မှာပေါ့။ မင်းဘယ်လိုနေမှာလဲ။ မင်းမိန်းမကို ဘယ်လိုရှာကျွေးမလဲ။ မင်းကလေးတွေကိုရော ဘယ်နှယ့်လုပ်မလဲ။ ကဗျာက ငွေမထွက်ဖူးကွ။ (အဲဒီလိုမိဘတွေကပြောမယ်။)

သူတို့တွေဒီလိုပြောပေမယ့် မင်းက ကဗျာရေးဖို့ မွေးလာတဲ့ကောင်ဆိုရင် ကျန်တာတွေအားလုံးကို ရင်းရဲရလိမ့်မယ်။ မရေရာတဲ့ အနာဂတ်နဲ့ အလောင်းအစားလုပ်ဝံ့ရလိမ့်မယ်။ ဒါဟာ ပိုအဆင့်မြင့်တဲ့ လွတ်လပ်မှုမျိုးကွ။ ပထမ လွတ်လပ်ခြင်းမျိုးထက်ပိုကောင်းတဲ့ လွတ်လပ်ခြင်းမျိုး။ ဒါဟာ အပြုသဘောဆောင်တဲ့ လွတ်လပ်ခြင်း။ ကဗျာဆရာဘဝကို မင်းရွေးချယ်လိုက်လို့ ဆင်းဆင်းရဲရဲဘဝမှာနေရတောင် မင်းပျော်ရွှင်လိမ့်မယ်။ မင်းရွှင်လန်းဝမ်းမြောက်လိမ့်မယ်။ ကဗျာရေးနိုင်ဖို့ ထင်းခွဲနေရပါစေဦးတော့၊ မင်းဟာ အင်မတန်အရတော်လေတဲ့ဘဝကို ရတာပဲလို့ခံစားနေရမှာပဲ။ သိပ်ကို ကျေနပ်နှစ်သိမ့်နေမှာ။ ဒါဟာ ဘာလို့လဲဆိုတော့ မင်းတကယ်လုပ်ချင်တာကို မင်းလုပ်နေရလို့ပဲ။ မင်းဟာ ကိုယ့်ရဲ့ တကယ့်အလုပ်ကို ကိုယ်ရှာလုပ်နေတာ။ ဒါဟာ အပြုသဘောဆောင်တဲ့ လွတ်လပ်ခြင်းမျိုးပဲ။

အေး နောက်တစ်ခုက တတိယမြောက်လွတ်လပ်မှု။ အမြင့်ဆုံးပဲ။ တို့ အရှေတိုင်းမှာတော့ ဒါကို ဝိမုတ္တိ (သူကတော့ သက္ကတနဲ့ moksha လို့ပြောတယ်။ မြန်မာနားနဲ့တော့ ဝိမုတ္တိက ပိုရှင်းလို့ပြောင်းလိုက်တယ်။) လို့ခေါ်တယ်။ အမြင့်ဆုံးလွတ်လပ်မှုပဲ။ ဒါက အပြုသဘော၊ အပျက်သဘောတွေရဲ့ အလွန်မှာရှိတဲ့တရား။ ပထမဆုံး လွတ်မြောက်ဖို့ ဆန့်ကျင်ရတယ်။ ပြီးတော့ လွတ်မြောက်ဖို့ အားထုတ်ရတယ်။ နောက်တော့ ဆန့်ကျင်ရတာရော၊ အားထုတ်ရတာရော မေ့ပစ်လိုက်ရတယ်။ သူ့အတိုင်းလေးထားလိုက်နိုင်ရတယ်။ တတိယမြောက် လွတ်လပ်မှုက တစ်ခုခုဆီကလည်း လွတ်ချင်တာလည်းမဟုတ်ဘူး။ တစ်ခုခုရဖို့လုပ်နေတာလည်းမဟုတ်ဘူး။ လွတ်လပ်ခြင်းသက်သက်ပဲ။ တတိယလွတ်လပ်မှုဟာ တစ်ခုခုကိုမဆန့်ကျင်ဘူး။ တစ်ခုခုအတွက်လည်းမဟုတ်ဘူး။ လွတ်လပ်မှုသဘောသက်သက်လေးပဲ။ အဲဒါဟာ ရှင်းရှင်းလေး လွတ်ငြိမ်းနေတယ်။ ဆန့်ကျင်ဖို့မေးခွန်းထုတ်တာမရှိဘူး။ ကြိုးစားလုပ်ဖို့ မေးခွန်းထုတ်တာလည်းမရှိဘူး။

တစ်ခုခုဆီက လွတ်ငြိမ်းချင်တဲ့ "Freedom From"ဆိုတာ နိုင်ငံရေးပဲ။ ဒါကြောင့်လည်း သူတို့အောင်မြင်တယ်ဆိုတဲ့အချိန်မှာ ပြုပြင်ပြောင်းလဲရေးတော်လှန်မှုတွေဟာ ကျရှုံးနေတာပဲ။ သူတို့မအောင်မြင်သေးရင်လည်း တစ်နေ့အောင်မြင်လိမ့်မယ်လို့ မျှော်လင့်ထားကြတယ်။ တကယ်အောင်မြင်တဲ့တစ်နေ့ကြတော့လည်း ရှုံးသွားတာပဲ။ ဘာလို့လဲဆိုတော့ ရှေ့ဆက်ဘာလုပ်ရမယ်ဆိုတာကို မသိတော့လို့။ ဒါတွေ ပြင်သစ်တော်လှန်ရေးမှာဖြစ်တယ်။ ရုရှခေတ်ပြောင်းတော်လှန်ရေးမှာဖြစ်ခဲ့တယ်။ ပြုပြင်ပြောင်းလဲရေး တော်လှန်ရေးတိုင်းမှာဖြစ်ခဲ့တယ်။ နိုင်ငံရေးပြောင်းလဲမှုတော်လှန်ရေးဟာ တစ်ခုခုဆီက လွတ်အောင်လုပ်တာပဲ။ ဇာဘုရင်စံနစ်ကိုတိုက်ထုတ်ပြီးတော့ သူတို့တွေ အရှုံးပေါ်တာပဲ။ ဇာဘုရင်စံနစ်မရှိတော့ ဘာဆက်လုပ်ကြမလဲ။ မင်းတစ်ဘဝလုံး ဇာဘုရင်စံနစ်ကို တွန်းလှန်ဖို့မြှပ်နှံထားခဲ့တာ။ မင်းသိတာကလည်း တစ်ခုထဲ။ ဇာဘုရင်ကို ဘယ်လိုတိုက်ရမလဲဆိုတာပဲ။ ဇာဘုရင်စံနစ်မရှိတော့ရင် မင်းဟာလည်းအရှုံးသမားဖြစ်သွားတာပဲ။ မင်းမှာရှိတဲ့ အရည်အချင်းဟာ သုံးစရာမရှိတော့ဘူး။ မင်းကိုယ်မင်း အကာပြဲ့ပြဲ့ အနှစ်မဲ့သလို ခံစားရမှာပဲ။

Freedom For ကတော့ အနုပညာဆန်တယ်။ တီထွင်တယ်။ သိပ္ပံဆန်တယ်။

Just Freedom ကတော့ ဘာသာရေးပဲ။

ကျုပ် မင်းကို ဝိမုတ္တိအကြောင်း သင်ပေးလိုက်တယ်။ လွတ်လပ်မှုသက်သက်မျှပဲ။ တစ်ခုခုကိုလည်းမဆန့်ကျင်၊ တစ်ခုခုအတွက်လည်းမရုန်းကန်။ နတ္ထိ နတ္ထိ (neti neti)။ ဒီဟာလည်းမဟုတ်ဘူး။ ဟိုအရာလည်းမဟုတ်ဘူး။ သန့်စင်တဲ့ လွတ်လပ်ခြင်းပဲ။ လွတ်လပ်ခြင်းရဲ့ မွှေးရနံ့ပဲ။ အားထုတ်ခြင်းဟာ ဆန့်ကျင်ခြင်းကို ချေမှုန်းလိုက်ပြီးရင် မင်း နှစ်ခုစလုံး ဝဲပစ်လိုက်လို့ရပြီ။ အဲဒါကပဲ ဝမ်းမြောက်ခြင်းရဲ့ အမြင့်ဆုံးပုံစံ၊ လွတ်လပ်ခြင်းရဲ့ ဘဝဂ်၊ အမှန်တရားသိမြင်ခြင်းရဲ့ အဆုံးစွန်။ ။

ဥိုသျှို

(Zephyr အကျွန်ုပ် ဘာသာပြန်သည်။)

ဒါကိုရေးရတာကတော့ သတိ၊သမ္ပဇဉ်နဲ့ နေထိုင်ကြဖို့ပါပဲ။ OSHOကြီး မှားတယ်မှန်တယ်ဆိုတာကို ငြင်းခုန်နေစရာမရှိဘူး။ စိတ်ထဲကနေ သိနိုင်တဲ့၊ စီစစ်နိုင်တဲ့တရားနဲ့ တိုက်ဆိုင်ကြည့်ပြီး၊ သင့်တာကို ယူဖို့ပါပဲ။ လောကကြီးရဲ့ အပြောင်းအလဲတွေနဲ့အတူ လိုက်ပါယိမ်းယိုင်ခြင်းကင်းတဲ့ တည်ကြည်မြဲမြံတဲ့ စိတ်ထားရှိသူတွေဖြစ်နိုင်ကြပါစေ။

Viewing all articles
Browse latest Browse all 146

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...